အမျိုးသမီးများသည် ရူပဗေဒဘာသာရပ်ထက် ရှုပ်ထွေးကြောင်း စတီဖင်ဟော့ကင်း ပြောဆို
ကမ္ဘာတ၀ှမ်းရှိ သိပ္ပံပညာရှင်များ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် နိုင်ငံ့ခေါင်းဆောင်များ၏ လေးစားခြင်းခံရသော ဗြိတိသျှ ရူပဗေဒပညာရှင်ကြီး စတီဖင်ဟော့ဖ်ကင်း၏ အသက် ၇၀ ပြည့်မွေနေ့ပွဲကို ဗြိတိန်နိုင်ငံ၌ ကျင်းပခဲ့သည်။
ဟော့ဖ်ကင်းကို အသက် ၂၁ အရွယ်တွင် အာရုံကြောရောဂါအား ဆေးဝါးကုသမှု ခံယူစဉ် နှစ်အနည်းငယ်အတွင်း သေးဆုံးမည်ဟု ဆရာဝန်များမှ ပြောဆိုခဲ့သော်လည်း၊အသက် ၇၀ ပြည့်မွေးနေ့ကို ကျင်းပနိုင်ခဲ့ပြီ ဖြစ်သည်။
ဟော့ကင်း၏ ဘ၀တလျှောက်တွင် တွန်းလှည်းများဖြင့်သာသွားလာနိုင်ကာ၊ စကားပြောရာတွင်လည်း ကွန်ပျူတာမှ တဆင့်သာပြောဆိုနိုင်သော်လည်း ရှုပ်ထွေးနက်နဲသော စကြ၀ဠာအကြောင်းအရာ ကိစ္စနှင့်ပတ်သတ်သည် များကို ပြောဆိုခဲ့သူလည်း ဖြစ်သည်။
“ ကျနော်၏ ထိုးထွင်း သိမြင်နိုင်မှုက ကျွနုပ်၏ ဒုက္ခိဘ၀နှင့် ဆက်စပ်မှုရှိတယ်၊ ကျနော်ရဲ့ ရုပ်ပိုင်းဆိုင်ရာ ဒုက္ခိတဘ၀နဲ့ စကြာဝဠာနှင့်ပတ်သတ်လို့ သိမြင်မှုကို လူတွေက အံ့သြကြပါတယ် ” ဟုပြောဆိုခဲ့သည်။ သူ၏ ရူပဗေဒ နယ်ပယ်တွင် အဓိကသုတေသနသည် နှိုင်းဆမှု သီအိုရီနှင့် ကွမ်တန်သီအိုရီ ကို အခြေခံထားခြင်းဖြစ်သည်။
အသက် ၃၂ နှစ်အရွယ် ၁၉၇၄ ခုနှစ်တွင် ဗြိတိန်နိုင်ငံ၏ အထင်ကရ သိပ္ပံအသင်း (Royal Society) တွင် အဖွဲ့ဝင်ဖြစ်လာခဲ့သည်။ ကမ္ဘာကျော် ရူပဗေဒပညာရှင်ကြီး အိုင်ဆက်နယူတန် ပါမောက္ခ လုပ်ခဲ့သည် ကိန်းဘရစ်ခ်ျ တက္ကသိုလ်တွင် သင်္ချာပါမောက္ခ ဖြစ်လာခဲ့သည်။
၁၉၈၈ ခုနှစ်တွင် ထုတ်ဝေခဲ့သော ( A Brief History of Time) သည် သိပ္ပံပညာရပ်နှင့် ပတ်သတ်မှုမရှိသော လူအများ နားလည်စေရန် ရည်ရွယ် ရေးသားထားသည့် စာအုပ်ဖြစ်သည်။ သူ၏ စာအုပ်မှာ နိုင်ငံတကာတွင် သန်းပေါင်းများစွာ ရောင်းချရသော စာအုပ်လည်းဖြစ်သည်။
ဗြိတိန် သိပ္ပံအသင်းကြီး၏ ဥက္ကဌ ဟောင်းနှင့် နက္ခတ်ဗေဒ ပညာရှင်ဖြစ်သူ Simpsons မှ ဟော့ဖ်ကင်းအား ကျောင်းသားဘ၀ သုတေသနလုပ်စဉ်ကတည်းက သိရှိခဲ့ကြောင်း၊ ပါရဂူဘွဲ့မပြီးမီ သေဆုံးခဲ့မည်ဟုထင်ကြောင်း ပြောဆိုခဲ့သည်။
အာရုံကြော အထူးကုပညာရှင်ကြီး တစ်ဦးမှလည်းဤ ရောဂါမျိုးသည် ရောဂါ စဖြစ်ချိန်မှ ငါးနှစ်အတွင်း သေဆုံးလေ့ရှိကြောင်း၊ သို့ရာတွင် ဟော့ဖ်ကင်းသည် ချွင်းချက် တခုသာဖြစ်ကြောင်း ပြောဆိုခဲ့သည်။ စတီဖင် ဟော့ဖ်ကင်းသည့် သူ့အားပြုစုနေသည့် သူနာပြုနဲ့ လက်ထပ်ကာ သားသမီးသုံးဦး ထွန်းကားခဲ့သည်။
ယခုအခါ ဒုတိယ အိမ်ထောင်ဖြင့် နေထိုင်လျက်ရှိသည်။ ဟော့ကင်းသည် ရူပဗေဒ ပညာနှင့်ပတ်သတ်၍ အိုင်စတိုင်းနောက်ပိုင်းတွင် အထင်ရှားဆုံး ဖြစ်သော်လည်း “အမျိုးသမီးများ၏ အကြောင်းသည် ရူပဗေဒပညာရပ်ထက် ရှုပ်ထွေးပြီး နားလည်ရန် ခက်ခဲကြောင်း” အိမ်ထောင်ရေး အဆင်ပြေပုံမရသဖြင့် ပြောဆိုခဲ့သည်။http://www.maukkha.org/index.php/news-menu/international-news-maukkha/1717-maukkha-stephen-hawking-70-birthday
No comments:
Post a Comment